အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင

Post by ITC Mandalay | 2017-05-23

လက်တွေ့သင်ကြားနေမှု များကို လှည့်လည် ကြည့်ရှုအားပေး

မန္တလေးလိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၂.၅.၂၀၁၇ ရက်နေ့ တွင် အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ လာရောက် လေ့လာခဲ့ပါသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့အား အမှတ်(၂)စက်မှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းကျောင်းနှင့် သက်ဆိုင်သည်များကို ရှင်လင်တင်ပြပြီး သင်တန်းသားများ လက်တွေ့သင်ကြားနေမှု၊ စာတွေ့သင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၂)စက်မှုသင်တန်းကျောင်း ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါခရီးစဉ်တွင် မန္တလေးတိုင်း ဝန်ကြီးချုပ်မှ "ထင်မှတ်ထားသည်ထက် အောင်မြင်မှုများတွေ့ရှိရပါတယ်၊ တာဝန်ရှိသူများကို ကျေးဇူးတင်လျက်" ဟုဧည်သည်တော်မှတ်တမ်းတွင် မှတ်ချက်ပြုထားကြောင်း သိရှိရပါသည်။

Back ⇦

Name

Email Address

Course of Interest

Message