တတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

Post by ITC Mandalay | 2016-04-17

တတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံရယူစဉ်

အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)၏ တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် သင်တန်းကျောင်း စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သွေးလှူဒါန်းပွဲတွင် သင်တန်းကျောင်းမှ ဆရာ ဆရာမများ၊ ပုံမှန် သင်တန်းသား သင်တန်းသူများ အပြင် ကာလတို (၃)လ သင်တန်းသား သင်တန်းသူများပါ စုပေါင်းပါဝင်လှူဒါန်းခဲ့ကြပါတယ်။

စုပေါင်းသွေးလှူဒါန်းပွဲမှ သွေးအမျိုးအစား ပေါင်းစုံ သွေးအိတ် ၇၈ အိတ်ပေးအပ်လှူဒါန်းခဲ့ပြီး နှစ်စဉ် အစဉ်အလား တစ်ရပ် အနေဖြင့် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

Back ⇦

Name

Email Address

Course of Interest

Message